Friday, November 17, 2017

၁၂ႏွစ္ေက်ာ္ ၾကာမွ ျပန္ေပါင္းစည္းျဖစ္တဲ့ ဇင္ေယာ္ေမာင္ေမာင္ နဲ႔ ေမသန္းႏု


ဇင္ေယာ္ေမာင္ေမာင္ နဲ႔ ေမသန္းႏုဟာ ရုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာကို ပံုေဖၚရိုက္ကူးခဲ့ၾကၿပီး ေမသန္းႏု ဆိုတာ အႏုပညာေလာကထဲမွာ စံထားရေလာက္တဲ့ သရုပ္တစ္ေယာက္အျဖစ္ ရပ္တည္ႏိုင္ခဲ့တဲ့ ရုပ္ရွင္ကားမ်ားစြာလဲ ရွိပါတယ္။ အဲ့ဒိအခ်ိန္တုန္းက နာမည္ၾကီးခဲ့တဲ့ ဇာတ္ကားတစ္ခုကိုေျပာပါဆိုရင္ မႈံေရႊရည္ ဆိုတဲ့ ရုပ္ရွင္ကားၾကီးလို႔ ေျပာရမွာျဖစ္ပါတယ္။ ဒီကားမွာ ရန္ေအာင္ နဲ႕ ေမသန္းႏု တို႔ကအဓိကပါ၀င္သရုပ္ ေဆာင္ထားတာျဖစ္ပါတယ္။
ယခု အခါမွာလဲ ေမသန္းႏုအတြက္ ဇာတ္ကားေကာင္းေလးတစ္ကားကို ရိုက္ကူးခဲ့ျပန္ပါတယ္။ မၾကာခင္မွာ ရံုတင္ျပသေတာ့မယ့္ “ထာ၀ရ အေမ” ရုပ္ရွင္ကားၾကီးကို အံ့မခန္းရွိတဲ့ ေမသန္းႏုရဲ႕ အႏုပညာနဲ႕ ဒါရိုက္တာဇင္ေယာ္ေမာင္ေမာင္ ရဲ႕အသိနဲ႔ သားျဖစ္သူ ရဲ႕ ခ်စ္ျခင္းေမတၱာ စတာေတြကို ေပါင္းစည္းရိုက္ကူးထားတာျဖစ္လို႔ ပိတ္ကားရွဴ႕စား ၿပီး သိရွိႏိုင္မွာျဖစ္တယ္လို႔လဲ သိရပါတယ္။
Credit – KKK(momolay)
Unicode ျဖင့္ဖတ္ရန္
Zawgyi ဖြင့်ဖတ်ရန်
ဒါရိုက်တာဇင်ယော်မောင်မောင်ဟာ ၁၂နှစ်ကြာကွဲကွာနေခဲ့တဲ့ ဇနီးလည်းဖြစ် ၊အနုပညာလုပ်ဖော်ကိုင်ဖက်လဲ ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မေသန်းနုနဲ့ ရုပ်ရှင်ကားကြီး တစ်ကားရိုက်ကူး ထားပါတယ်။ ဇင်ယော်မောင်မောင်ဟာ သူတို့ရဲ့သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာလဲဖြစ်ပါတယ်။ ဒါကြောင့် သူတို့ မိသားစု ၃ယောက်ရဲ့ ချစ်ခြင်းမေတ္တာပေါင်းစည်းမှုတွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကတော့ “ထာဝရအမေ” ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။
စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးတဲ့ “ထာဝရ အမေ” ရုပ်ရှင်ကားကြီးကို ဒါရိုက်တာစင်ရော်မောင်မောင် က ရိုက်ကူးထားပြီး သားဖြစ်သူ မင်းသန့်မောင်မောင်မှ တွဲဖက်ဒါရိုက်တာအဖြစ် ပါဝင်ရိုက်ကူးထားတယ်လို့ သိရပါတယ်။ “ထာဝရ အမေ” ရုပ်ရှင်ဇာတ်ကားမှာ ရဲအောင်၊ နေတိုး၊ ထွန်းကိုကို၊ မေသန်းနု၊ ဝတ်မှုံရွေရည်၊ ပိုးအိအိခန့် နှင့် အခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
ဇင်ယော်မောင်မောင်ဟာ မေသန်းနုရဲ့ အကြောင်းကို ယခုချိန်ထိ ပျော်ရွှင်ဂုဏ်ယူစွာနဲ့ အင်တာဗျူးတွေမှာ ပြောပြနေတုန်းဘဲဖြစ်ပါတယ်။ မဆင့် ရဲ့ အကြောင်းကို သူကလွဲလို့ တစ်ခြားသူတွေ ပိုမသိနိုင်ပါဘူး၊ သူတို့ နှစ်ယောက်ဟာ အရင်းနှီးဆုံး ၊အနီးကပ်ဆုံး ကျောခြင်းကပ်ပြီး အနုပညာအခက်အခဲတွေ ကို ရင်ဆိုင်ခဲ့ ကြတယ်။ မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဝေးကွာခဲ့ရတာလဲ ဖြစ်တယ်လို့ သိရပါတယ်။
ဇင်ယော်မောင်မောင် နဲ့ မေသန်းနုဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ပုံဖေါ်ရိုက်ကူးခဲ့ကြပြီး မေသန်းနု ဆိုတာ အနုပညာလောကထဲမှာ စံထားရလောက်တဲ့ သရုပ်တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ရုပ်ရှင်ကားများစွာလဲ ရှိပါတယ်။ အဲ့ဒိအချိန်တုန်းက နာမည်ကြီးခဲ့တဲ့ ဇာတ်ကားတစ်ခုကိုပြောပါဆိုရင် မှုံရွှေရည် ဆိုတဲ့ ရုပ်ရှင်ကားကြီးလို့ ပြောရမှာဖြစ်ပါတယ်။ ဒီကားမှာ ရန်အောင် နဲ့ မေသန်းနု တို့ကအဓိကပါဝင်သရုပ် ဆောင်ထားတာဖြစ်ပါတယ်။
ယခု အခါမှာလဲ မေသန်းနုအတွက် ဇာတ်ကားကောင်းလေးတစ်ကားကို ရိုက်ကူးခဲ့ပြန်ပါတယ်။ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ထာဝရ အမေ” ရုပ်ရှင်ကားကြီးကို အံ့မခန်းရှိတဲ့ မေသန်းနုရဲ့ အနုပညာနဲ့ ဒါရိုက်တာဇင်ယော်မောင်မောင် ရဲ့အသိနဲ့ သားဖြစ်သူ ရဲ့ ချစ်ခြင်းမေတ္တာ စတာတွေကို ပေါင်းစည်းရိုက်ကူးထားတာဖြစ်လို့ ပိတ်ကားရှူ့စား ပြီး သိရှိနိုင်မှာဖြစ်တယ်လို့လဲ သိရပါတယ်။
Credit – KKK(momolay)

No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...