Thursday, November 16, 2017

တည်သီး ကို ၃နှစ်အောက်ကလေးများ မကျွှေးသင့်


အဆင်မသင့်ရင် အသက်ပါဆုံးရှုံးရတဲ့အထိ
ဖြစ်နို်င်တဲ့ သာဓကတွေကို
ဘာသာပြန် မျှဝေလိုက်ပါတယ်။
”တည်သီး”ဟာ ကလေးငယ်တွေအတွက်
အစာအိမ်မှာ ကျောက်တည်စေနိုင်ပြီး
ရာသီဥတုအခြေအနေနှင့်မကိုက်ညီချိန်တွင်
စားသုံးမိပါက ကလေးငယ်မှ
အသက်ရှု မဝဖြစ်ကာ ကိုယ်ခံအား
မကောင်းချိန်တွင် သတိမေ့မျှောခြင်း သတိပြန်မလည် လာသည် အထိ ဖြစ်စေ၍
အသက်ပါဆုံးရှုံးနိုင်ကြောင်း သတိပေး
ရေးသားထားတာ တွေ့ရပါတယ်။
ငယ်ရွှယ်တဲ့ ၃ နှစ်အောက် ကလေးငယ်တွေ ရဲ့
အတွင်းကလီဇာ ခံနိုင်ရည်အားနှင့်
ကလေး၏ အစားအသောက် အမျိုးမျိုးကို
သတိပြုရှောင်ကျဉ်၍ အဟာရနှင့် ကိုက်ညီသော
အစားအစာများကို ရွှေးချယ်ကျွေးတတ်ဖို့သည်
မိဘတိုင်း၏ အရေးကြီးသော အချက်ဖြစ်သည်။
နောက်အရေးကြီးတဲ့အချက်မှာတော့ ကလေးဖြစ်စေ/လူကြီးဖြစ်စေ တည်သီးစားပြီး
နွားနို့/ပင်လယ်အစားအစာ ဟူသမျှကို
(အထူးသဖြင့်ဂဏန်း )/စိမ်းစားဥ/ပဲနို့ ရည်နှင့် ပဲပြားစသဖြင့်စားခဲ့မိလျှင် ဝမ်းထဲက
ကလီစာတွေပျက်စီးတတ်ကြောင်း အောက်က Link မှာ သတိပေးတားမြစ် ဖော်ပြထားပါတယ်။
ဤPostကို ဖတ်ခြင်းဖြင့် ကျန်းမာရေးထက် တစ်ချို့ တည်သီးရောင်းချ၍ စီးပွားရေးဆန်သူတချို့မှာ ဈေးကွက်အရ ဝေဖန်စရာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဆိုလိုရင်းမှာ ရည်ညွှန်းခေါင်းစဉ်မှာ ၃နှစ်
အောက် ကလေးငယ်များကို အဓိက ကျန်းမာရေးအတွက် သတိပြုဖော်ပြ ထားသည်။တည်သီးတွင် စိုးကျိုးများရှိသလို
ကောင်းကျိုးများလည်းရှိ၍ မဆင်မချင်
စားသုံးလျှင် သင့်တင့်မှု့မရှိသောအစားအစာနှင့် တွဲဖက်၍ စားမိလျှင် ဘေးအန္တရာယ် ကိစ္စရပ်များစွာရှိ၍ ငယ်ရွှယ်သည့် ကလေးငယ်များအား အဓိကဦးစားပေး သတိပြု ဆင်ချင်သင့်ကြောင်း ရည်ညွှန်းပြောဆိုပါသည်။
မိမိကလေးငယ်ကို စားဖူးတယ်ရှိအောင်/သူစား
တတ်မလားမသိဘူး ဆိုပြီး စမ်းကျွေးမိတာ
မျိုး ရှိတတ်လို့ သတိပြုရန် ကျန်းမာရေးအတွက် မျှဝေလိုက်ပါတယ်
Credit-ရွှေရသစုံ-ရွှေရသစုံ

No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...