Wednesday, November 15, 2017

ကမ္ဘာ့ဖလား လေးကြိမ်ရ အီတလီအသင်း နှစ်ပေါင်း (၆၀)အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ပထမဆုံးအကြိမ် လွဲချော်


၂၀၁၈ ကမ္ဘာ့ဖလားဝင် ရောက်ခွင့်အတွက် ဆွီဒင်အသင်း နှင့် အဆုံးအဖြတ်ကစားခဲ့သော အီတလီသည် အမိမြေတွင် ပထ မအကျော့ရှုံးကြွေးကို မဆပ်နိုင်ခဲ့ ဘဲ ဂိုးမရှိသရေကျပြီးနောက် ၁၉၅၈ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲ ချော်ခဲ့သည်။
ပထမအကျော့က ဂျာ ကော့သ်ဂျိုဟန်ဆင်၏ ကန်ချက် အီတလီကစားသမား ဒီရော့စီနှင့် ထိကာ လမ်းကြောင်းပြောင်း ဂိုး ဝင်ခဲ့သည့် တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ဆွီဒင်သည် အီတလီ ကို နှစ်ကျော့ပေါင်း ၁-၀ ဂိုးဖြင့် အနိုင်ရကာ ၂၀၀၆ နောက်ပိုင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင် မြင်ခဲ့သည်။ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ပြီးနောက် အီတလီဝါရင့် ကစားသမားများဖြစ်သည့် ဂိုးသ မား ဘူဖွန်၊ ဘာဇာဂလီနှင့် ဒီရော့ စီတို့သည် လက်ရွေးစင်ကစားသ မားအဖြစ်မှ အနားယူခဲ့ကာ နောက်ခံလူ ချီလီနီသည်လည်း အနားယူ ဖွယ်ရှိနေသည်။ အဆိုပါကစားသမားလေးဦးသည် အီတလီအတွက်စုစုပေါင်း ၄၆၁ ပွဲ ကစားထား သည်။
‘‘ကျွန်တော်ရဲ့ နိုင်ငံတကာ နောက်ဆုံးပွဲက ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ လွဲခဲ့တဲ့ ပွဲနဲ့ တိုက်ဆိုင်ခဲ့ လို့ အရှက်ရစရာပါ။ ကျွန်တော် တို့အချင်းချင်း ကြားမှာရှိတဲ့သူ တိုင်း အပြစ်ကို အတူတူမျှဝေခံ ယူပါတယ်။ တစ်ယောက်တည်း ကို အပြစ်ပုံချလို့မရပါဘူး’’ဟု နှစ် (၂၀) အတွင်း အီတလီအတွက် ၁၇၅ ပွဲကစားခဲ့သည့် ဂျူဗင်တပ် ဂိုးသမား ဘူဖွန်က မျက်ရည်စက် လက်ဖြင့် ပြောသည်။
‘‘ဂျူဗင်တပ်ပရိသတ်တွေ အားလုံး မင်းဘက်မှာရှိတယ်။ မင်းဟာ ငါတို့နိုင်ငံရဲ့ ဂုဏ်ဆောင်ဖြစ် ပြီး မင်းဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားပါ’’ဟု ဂျူဗင်တပ်က တွစ်တာတွင် ရေးသားဖော်ပြသည်။
‘‘ဒီနေ့ညမှာ သူရဲကောင်း တွေ အများကြီးရှိခဲ့ပါတယ်။ ရလဒ်နဲ့ ပတ်သက်ပြီး အလွန်ပဲပျော်ရွှင် မိပါတယ်’’ဟု ဆွီဒင်နည်းပြ အန် ဒါဆင်က ပြောကြားသည်။

No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...