Wednesday, November 15, 2017

လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ကို ဒုတိယအကြိမ် ဆန္ဒပြ

လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ကို ဒုတိယအကြိမ် ဆန္ဒပြ

လှိုင်မြို့နယ် အမှတ် (၁) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေး မှူးကို ထုတ်ပယ်သည့် ကိစ္စနှင့် ပတ်သက်၍ လှိုင်မြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးကို ရပ် ကွက်နေ ပြည်သူ့အချို့က ဒုတိယ အကြိမ် ထပ်မံဆန္ဒပြခဲ့သည်။

 ရပ်ကွက်နေပြည်သူအချို့ က ‘‘လှိုင်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင် ကျော်ကျော်ဦး အလိုမရှိ’’၊ ‘‘နိုင်ငံ တော်အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်အား ထောက်ခံပါ တယ်’’ဟု ကြွေးကြော်ကာ ဆန္ဒ ထုတ်ဖော်ခဲ့သည်။
 ထုတ်ပယ်ခံရသော ရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးအောင် မြတ်စိုးသည် အဆိုပါရပ်ကွက် တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ တစ်နှစ်ခွဲကျော်ရှိပြီဖြစ်ပြီး ရပ် ကျေးဥပဒေ အခန်း (၈) ပုဒ်မ ၁၅ အရ အောက်တိုဘာ ၂၇ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရာထူးမှ ထုတ်ပယ်ခံရခြင်းဖြစ်သည်။
၎င်းသည် လွှတ်တော်ကိုယ် စားလှယ်များနှင့် ဖွံ့ဖြိုးရေးလုပ် ငန်းများ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း၊ ဥပဒေ၊ စည်းမျဉ်းစည်း ကမ်း လုပ်ထုံးလုပ်နည်းများကို မလိုက်နာခြင်း၊ မလျော်ဩဇာသုံး ခြင်းကြောင့် တိုင်ကြားခြင်းဖြစ် ကြောင်း ဆန္ဒပြခံရသူ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကျော်ကျော်ဦးက ပြောကြားထားသည်။
ထိုသို့ ထုတ်ပယ်ခံရခြင်းနှင့် ပတ်သက်၍ ဦးအောင်မြတ်စိုး က ‘‘ဒီရပ်ကွက်မှာ ကျွန်တော် မဟုတ်တာလုပ်လားဆိုတာ ရပ် ကွက်နေပြည်သူတွေကို လာမေး ပါ။ ကျွန်တော့်ကို ကိုယ့်သဘော နဲ့ကိုယ် ထွက်ခိုင်းတယ်။ ကျွန် တော်မဟုတ်တာ မလုပ်တဲ့အ တွက် မထွက်နိုင်ဘူးပြောခဲ့တယ်။ ဒီအတွက် သူတို့က ထုတ်တာပါ။ သူတို့ထုတ်တဲ့အတွက် အခုရပ် ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ မှာ ဝင်ပြိုင်လို့မရတော့ပါဘူး’’ဟု ပြောသည်။
 ရပ်ကွက်အုပ်ချုပ်ရေးမှူး တိုင်ကြားခံရသည့်ကိစ္စနှင့်ပတ် သက်၍ မြေပြင်ကွင်းဆင်း စစ် ဆေးပေးရန် ရပ်ကွက်နေပြည်သူ များက ဆန္ဒရှိနေကြောင်း အဆိုပါ ရပ်ကွက်နေ ကိုစန်းအောင်က ပြောသည်။
‘‘ဒီကိစ္စကို အရေးမယူမချင်း ဆန္ဒထုတ်ဖော်သွားမှာပါ။ ရပ် ကွက်ဥက္ကဋ္ဌ ဘယ်လိုလူမျိုးလဲဆို တာ ရပ်ကွက်နေပြည်သူတွေကို မေးလို့ရပါတယ်။ တစ်ဦးတစ် ယောက်တိုင်ကြားတာကို မြေပြင် ကို ကွင်းဆင်းမစစ်ဘဲ အခုလို ထုတ်လိုက်တာ ရပ်ကွက်နေပြည် သူတွေအတွက် အရမ်းနစ်နာပါ တယ်’’ဟု ၎င်းက ပြောသည်။
 အမှတ် (၁) ရပ်ကွက်နေ ပြည်သူများသည် ရပ်ကွက်အုပ် ချုပ်ရေးမှူး ထုတ်ပယ်ခံရမှု ကြောင့် နိုဝင်ဘာ ၉ ရက်ကလည်း လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးကို ပထမ အကြိမ် ဆန္ဒပြခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက် ရန် ထပ်မံဆန္ဒဖော်ထုတ်မည်ဖြစ် ကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။
လှိုင်မြို့နယ်တွင် ၁၆ ရပ်ကွက်ရှိပြီး လူတစ်သိန်းခြောက်သောင်းကျော်နေထိုင်ကာ လှိုင်(၁) ရပ်ကွက် လူတစ်သောင်းရှစ်ထောင်ကျော် နေထိုင်သည်။

No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...