လူမဆန်တဲ့လုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့ အမျိုးသား ထောင်ဒဏ် ၄၇၂ နှစ် ချမှတ်ခံရ
Ref : ntd.tv
ဒန်ဗာ၊ နိုဝင်ဘာ – ၂၃
ကော်လိုရာဒိုပြည်နယ်မှ အမျိုးသားတစ်ယောက်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ထောင်ဒဏ် ၄၇၂ နှစ် ချမှတ်ခံလိုက်ရပြီး၊ ဒါဟာ အမေရိကန်ပြည်ထောင်စု သမိုင်းတစ်လျှောက် အရှည်လျားဆုံးသော ရာဇ၀တ်မှုဆိုင်ရာ ပြစ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
Brock Franklin အမည်ရတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားဟာ ပြည့်တန်ဆာဂိုဏ်းတစ်ခုကို ထူထောင်ခဲ့ပြီး မိန်းကလေးငယ်များနဲ့ အမျိုးသမီးများကို အတင်းအဓမ္မပါဝင်စေရန် ဆောင်ရွက်ခဲ့တယ်လို့ Fox31 သတင်းအရ သိရပါတယ်။
Franklin ဟာ လူကုန်ကူးမှု၊ ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ ကလေးပြည့်တန်ဆာမှု၊ ပြန်ပေးဆွဲမှုစတဲ့ ပြစ်မှုပေါင်း ၃၀ ကျော်အတွက် တာဝန်ရှိကြောင်း Arapahoe ကောင်တီနယ်မှ ဂျူရီအဖွဲ့က ပြီးခဲ့တဲ့မတ်လက ဆုံးဖြတ်ထားခဲ့တယ်လို့ သတင်းအရသိရပါတယ်။

No comments:
Post a Comment