Saturday, November 18, 2017

YBS (၂၀) ပေါ်၌ ဗြောင်ကျကျရမ်းကားခဲ့သည့် ခါးပိုက်နှိုက်အဖွဲ့ကို အရေးယူရန် စတင်စုံစမ်း


အရေးယူရန် စတင်စုံစမ်း

==========================
အောက်တိုဘာ ၃၁ ရက်က YBS (၂၀) ယာဉ်ပေါ်၌ ခရီးသည်အမျိုးသမီးတဦးကို ညစ်ညမ်းစွာဆဲဆိုပြီး ဗြောင်ကျကျ ရမ်းကားခဲ့သည့် ခါးပိုက်နှိုက်ဟု ယူဆရသူ တရားခံများအား ဖမ်းဆီးအရေးယူရန် နယ် ထိန်းများအပါအ၀င် ရဲတပ်ဖွဲ့ဝင်များက ရန်ကုန်မြို့တွင်း ယာဉ်လိုင်းများပေါ်တွင် စတင် စုံစမ်းထောက်လှမ်းနေပြီဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးစိုးနိုင်က နိုဝင်ဘာ ၁၆ ရက်တွင် News Watch သို့ ပြောကြားသည်။
”ဒီအမှုနဲ့ပတ်သက်ပြီး အမှုဖွင့်တာ မရှိသေးဘူး။ YBS (၂၀) ယာဉ်လိုင်းက တာဝန်ခံကတော့ လာရောက်အကြောင်းကြားထားပါတယ်။ တကယ်ဆိုရင် ကာယကံရှင်အမျိုးသမီးကိုယ်တိုင် အမှုဖွင့်ရမှာဖြစ် တယ်။ သူကလည်း ကိုယ်တိုင်အမှုမဖွင့်သေးဘူး။ ကျွန်တော်တို့ကတော့ အဲဒီတရားခံတွေ ဖမ်းဆီးဖို့အတွက် မြို့တွင်းယာဉ်လိုင်း တွေမှာ နယ်ထိန်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ပြီး စုံစမ်းထောက်လှမ်းနေပါတယ်။ ဖမ်းဆီးရမိရင် ထွက်ချက်ရေးသားပြီး အစီရင်ခံစာပါတင်မှာပါ”ဟု ၎င်းက ပြောသည်။

No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...