Sunday, November 18, 2018

ဒေါပုံတွင် လျှပ်စစ်နေ့စားဝန်ထမ်း ၂ ဦး ဓာတ်လိုက်သေဆုံးမှု


ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက် အလင်းရောင်လမ်းမကြီးဘေးမှာ လျှပ်စစ်နေ့စားဝန်ထမ်း ၂ ဦး ဓာတ်လိုက်သေဆုံးသွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
အောင်ချမ်းသာ (၂၈) နှစ်နဲ့ မျိုးမင်းသော် (ခ) ကရင် (၂၉) နှစ်တို့ဟာ ထရန်စဖော်မာဖျူးစ်ပျက်လို့ တက်ရောက်ပြုပြင်စဉ် ဓာတ်လိုက်ပြုတ်ကျသေဆုံးခဲ့တာလို့ ဆိုပါတယ်။
နှစ်ဦးလုံး ဝဲချိုစောင်း၊ ယာခါး၊ ခြေကျင်းဝတ်မီးလောင် ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးသွား ခဲ့တာဖြစ်ပြီး အောင်ချမ်းသာရဲ့ အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မျိုးမင်းသော်ရဲ့ အလောင်းအား ရန်ကုန်(အရှေ့ပိုင်း) ဆေးရုံကြီးကို ပို့ဆောင်ထားရှိခဲ့ပါတယ်။
အောင်ချမ်းသာပါ ၂ ဦးသေဆုံးမှုအား ဒေါပုံမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၁၃/၂၀၁၈) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...