Wednesday, November 15, 2017

" မြန်မာအသင်း အိမ်ရှင်အိန္ဒိယကို သရေကျပြီး ခြေစစ်ပွဲအောင်ရန် လက်ကျန်ပွဲစဉ်များ ရုန်းကန်ရမည်"



"မြန်မာအသင်း အိမ်ရှင်အိန္ဒိယကို သရေကျပြီး ခြေစစ်ပွဲအောင်ရန် လက်ကျန်ပွဲစဉ်များ ရုန်းကန်ရမည်"
အာရှဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ် (၅) တွင် မြန်မာအသင်းက အိမ်ရှင်အိန္ဒိယအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး အရှုံးအနိုင်အဖြေမပေါ်ဘဲ နှစ်ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သည်။
နိုဝင်ဘာ ၁၄ ရက်က အိန္ဒိယနိုင်ငံ ဂိုဟာမြို့တွင် ယှဉ်ပြိုင်သည့် ယင်းပွဲ၌ မြန်မာအသင်းက အိန္ဒိယအသင်း၏ အထနှေးမှုကို အခွင့်ကောင်းယူကာ ပွဲအစ စက္ကန့် ၃၀ ၌ ရန်နိုင်ဦးက ခေါင်းတိုက်သွင်းယူခဲ့သည်။ ပွဲချိန် ၁၃ မိနစ်တွင် အိန္ဒိယအသင်းက ပင်နယ်တီပြစ်ဒဏ်မှတဆင့် ချေပဂိုး သွင်းယူခဲ့သော်လည်း ၁၉ မိနစ်၌ ကျော်ကိုကို က မြန်မာအတွက် ဒုတိယအနိုင်ဂိုး သွင်းယူခဲ့သည်။ နောက်ပိုင်းမိနစ်တွင် အိန္ဒိယအသင်းက ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၆၈ မိနစ်တွင် မြန်မာအသင်းနောက်ခံလူများ အားနည်းချက်မှတဆင့် အိန္ဒိယအသင်းက ဒုတိယချေပဂိုးသွင်းယူခဲ့သည်။ လက်ကျန်မိနစ်များတွင် နှစ်သင်းလုံး ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိဘဲ နှစ်ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။
မြန်မာအသင်းက ယင်းပွဲရလဒ်ကြောင့် အုပ်စုတွင်း လေးပွဲကစား ရမှတ် ငါးမှတ် ရရှိကာ တတိယနေရာတွင် ရပ်တည်နေပြီး ခြေစစ်ပွဲအောင်မြင်ရန် လက်ကျန်ပွဲစဉ်များ၌ ရုန်းကန်ရမည် ဖြစ်သည်။ အုပ်စုတွင်း အခြားပွဲစဉ်တွင် ကာဂျစ္စတန်က မကာအိုကို ၄-၃ ဂိုးဖြင့် အနိုင်ရကာ ရမှတ် ခုနစ်မှတ်ဖြင့် ဒုတိယနေရာ ရပ်တည်နေသည်။
သတင်း -ရွှေဘုတ်
မြန်မာနှင့် အိန္ဒိယအသင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-MFF)

No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...