Wednesday, November 15, 2017

“ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျပန် ဝန်ကြီးချုပ်တို့ကို သီးခြားစီတွေ့ဆုံ”


“ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျပန် ဝန်ကြီးချုပ်တို့ကို သီးခြားစီတွေ့ဆုံ”
ဖိလစ်ပိုင်နိုင်ငံတွင် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နှင့် ဂျပန်ဝန်ကြီးချုပ်တို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်အပေါ် ကုလသမဂ္ဂအနေဖြင့် ပါဝင်အကူအညီပေးနိုင်မှု အခြေအနေတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် လည်း ဒီမိုကရေစီ အသွင်ကူပြောင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စီးပွားရေး၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ရခိုင်ပြည်နယ်၌ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံရာတွင် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ လျှပ်စစ်မီးရရှိရေး၊ ရန်ကုန်-မန္တလေး ရထားလမ်းဖောက်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ၀င်ငွေတိုးတက်ရေး၊ အသေးစားနှင့် အလတ်စား ချေးငွေပေးရေး၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်မှု ကူညီထောက်ပံ့ပေးရေးအတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၂ ဘီလီယံ အကူအညီ ပေးရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်ချက်များကို ထောက်ခံအကူအညီပေးသွားမည့်ကိစ္စ၊ ကားလမ်းဖောက်လုပ်ရန်နှင့် လျှပ်စစ်ပစ္စည်းများထုတ်လုပ်ရန် အတွက် ဂျပန်ယန်းငွေ ၁ ဒသမ ၅ ဘီလီယံ ထောက်ပံ့ ပေးရေးကိစ္စ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား သင်တန်းပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...