Saturday, October 27, 2018

ဂျော်ဒန်နိုင်ငံတွင် ရေကြီးမှုကြောင့် ၂၁ ဦး သေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ


ဂျော်ဒန်နိုင်ငံ မြို့တော် အမ္မန်ရဲ့ အနောက်တောင်ပိုင်း ကီလိုမီတာ ၆၀ အကွာမှာ ရေကြီးမှုကြောင့် သေဆုံးသူ ၂၁ အထိရှိခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက်နေ့က မိုးကြီးမှုကြောင့် ပင်လယ်သေအနီး အပန်းခြေစခန်းမှာ  ရေကြီးခဲ့ပြီး အဲဒီနေရာမှာ ကျောင်းသားကျောင်းသူ ၄၄ ဦး ၊ ဆရာဆရာမနဲ့ မိသားစုဝင်တွေ ပျော်ပွဲစား ထွက်နေခဲ့ပါတယ်။
အဲဒီအချိန် တောင်ပေါ်က အစီးသန်တဲ့ရေတွေ ကျဆင်းလာပြီး ပျော်ပွဲစား ထွက်နေသူတွေဟာ ရေစီးနဲ့ပါသွားခဲ့ပါတယ်။
အဲဒီနေ့မှာပဲ အစိုးရက ရှာဖွေကယ်ဆယ်ရေး စတင်ခဲ့ပြီး အခုထိ ၃၇ ဦး ကယ်ဆယ် နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ကယ်ဆယ်ရေးသမားတွေဟာ ရှာဖွေရေး လုပ်ဆောင်နေပါတယ်။
အဆိုပါ ရေကြီးမှုကြောင့် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာဟာ ဘာရိန်းခရီးစဉ်ကို ဖျက်သိမ်းပြီး ၀မ်းနည်းခြင်း အထိမ်းမှတ်အနေနဲ့ ၃ ရက်ကြာ အလံတိုင်တ၀က်လွှင့်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...