Friday, November 2, 2018

ကျပ်သိန်းတစ်သောင်းဆု ပဲခူးမြို့၌ စက်ဘီးပြင်ဆိုင်ဖွင့်ထားသည့် အဘိုး၊ အဘွား ဇနီးမောင်နှံ ဆွတ်ခူး

ကျပ်သိန်းတစ်သောင်းဆုရှင်အဘိုးအဘွားနှစ်ဦး (ဓာတ်ပုံ - ကျော်မျိုးဦး
ယမန်နေ့က ဖွင့်လှစ် သည့် အောင်ဘာလေထီ အမြင့်ဆုံးကျပ်သိန်းတစ်သောင်းဆုကို ပဲခူးမြို့၌ စက်ဘီးပြင်ဆိုင် ဖွင့်ထားသည့် အသက် (၇၀) ကျော် အဘိုး၊ အဘွားဇနီးမောင်နှံက ဆွတ်ခူးခဲ့သည်။
၃၅၉၇၇၃ ထီလက်မှတ်ဖြင့် ကျပ်သိန်းတစ်သောင်းဆုဆွတ်ခူးခဲ့ သည်။
၎င်းတို့သည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက ၃ ထိပ်စည်း၊ ၅ နောက်ပိတ်ထီလက်မှတ်ကို လစဉ်သုံးစောင် ၀ယ်ယူကံစမ်း လေ့ရှိသည်။ အောက်တိုဘာတွင် ၃ ထိပ်စည်း ၅ နောက်ပိတ်ထီလက်မှတ်မရရှိသဖြင့် ယခုကျပ်သိန်းတစ်သောင်းဆုဖြစ်လာ မည့် ၃ ထိပ်စည်း ၃ နောက်ပိတ် ထီလက်မှတ်ကို ၀ယ်ယူခဲ့ကြောင်း ဒေါ်ဒေါင်းက ပြောသည်။
ထို့အပြင် ယင်းထီလက်မှတ် သုံးစောင်ကို လကုန်ပေးစနစ်ဖြင့် ရပ်ကွက်အတွင်း ထီလက်မှတ် တစ်နိုင်တစ်ပိုင်လက်ပွေ့ရောင်း ချသူထံမှ ၀ယ်ယူကံစမ်းခဲ့သည်ဟု ဆိုသည်။
‘‘ထီလက်မှတ်ဝယ်တုန်းက တစ်ကြိမ်မှ ဆုမ၀င်လို့ ထီရောင်း တဲ့သူကိုတောင် ရန်လုပ်လိုက်သေးတယ်။ သူ(ထီလက်မှတ် ရောင်းသူ)က ဒီလတော့ ဆုကြီးတည့် ၀င်မှာလို့ ပြောသွားသေးတယ်’’ ဟု ဒေါ်ဒေါင်းက ပြောသည်။
ယခုကံထူးသည့် အဘိုး၊ အဘွားဇနီးမောင်နှံသည် သား၊ သမီး နှစ်ဦး၊ မြေးနှစ်ဦးနှင့် မိဘ မရှိ၍ ခေါ်ယူစောင့်ရှောက်ထား သည့် ကလေးတစ်ဦးနှင့်အတူ နေထိုင်ကာ အိမ်၌ စက်ဘီးနှင့် ဆိုက်ကားပြင်ဆိုင်ဖွင့်လှစ်ထား သည်။
ထီကျပ်သိန်းတစ်သောင်းဆု ပေါက်ကြောင်း အသေအချာသိ ချိန်တွင် ယင်းထီလက်မှတ်ကို မသမာသူများက ရယူခြင်းဖြစ်ပေါ် လာမည်စိုးသဖြင့် စိတ်ချရသည့် ဆွေမျိုးတော်စပ်သူထံသို့ အပ်နှံသိမ်းဆည်းထားသည်ဟု အဆိုပါ အဘိုး၊ အဘွားနေထိုင်ရာ ပဲခူးမြို့သစ် (င)ရပ်ကွက်မှ ရာအိမ်မှူးကိုကျော်မျိုးဦးကပြောသည်။ ထိုသို့ ကျပ်သိန်းတစ်သောင်းဆု ဆွတ်ခူးရရှိသဖြင့် ၀မ်းသာ၍ ငိုခဲ့ရပြီး ရရှိသည့်ဆုငွေအများစုကို အလှူပြုလုပ်ရန် ဆန္ဒရှိ ကြောင်း ဒေါ်ဒေါင်းကဆိုသည်။
‘‘အသက်တွေလည်းကြီးပြီ ဆိုတော့ အလှူအတန်းလုပ်မယ်။ သား၊ သမီးတွေအတွက်လည်း စိတ်အေးရတယ်။ အိုစာအဖြစ် လည်း ထားနိုင်သွားတာပေါ့’’ဟု ၎င်းကပြောသည်။
ယင်းထီလက်မှတ်ကို အောင်ကုဋေဟိန်း -ရွှေမြန်မာထီဆိုင် မှတစ်ဆင့် ရပ်ကွက်အတွင်း တစ်နိုင်တစ်ပိုင် လက်ပွေ့ရောင်းချသူကိုအောင်မျိုးက ရောင်းချပေးခဲ့ သည်။
ကိုအောင်မျိုးကလစဉ် ကျပ် နှစ်သိန်းမှ ကျပ်သုံးသိန်းဖိုးအထိ ထီလက်မှတ်များကို ရပ်ကွက်အ တွင်း လပေးရောင်းချသူဖြစ်ကာ ၎င်းထံမှ ကျပ်သိန်းတစ်သောင်း ဆုထွက်ကြောင်း သိချိန်တွင် မယုံနိုင်အောင် အံ့သြခဲ့ကြောင်း ၎င်းကဆိုသည်။
‘‘ထီဆိုင်ကနေ ကျွန်တော့် ကို ဖုန်းဆက်အကြောင်းကြားမှ သိန်းတစ်သောင်းဆုက ကျွန် တော့်ဆီကနေ ထွက်မှန်းသိတာ။ အဲဒီ အဘိုး၊ အဘွားက ကျွန် တော့်ဆီမှာ ထီလက်မှတ်ဝယ်တာ သုံး၊ လေးနှစ်ရှိပြီ။ ကျွန်တော်က လည်း သိပ်အများကြီး ဖြန့်ရောင်း တာလည်း မဟုတ်ဘူး’’ဟု ကိုအောင်မျိုးက ပြောသည်။
အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းဆု ကံထူးရှင်သည် ပဲခူးမြို့မှ အကြိမ် ၂၀ (လ ၂၀)အတွင်း ပထမဆုံးထွက်ရှိခြင်း ဖြစ်သည်။

No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...