ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ၌ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချင်းချင်းကြား လတ် တလောဖြစ်ပွားသည့် တိုက်ပွဲများ ကြောင့် မိသားစုနှင့်အတူ လားရှိုး မြို့ပေါ်သို့ တိမ်းရှောင်နေသည့် မွေးကင်းစ အမြွှာညီအစ်မ နှစ်ဦး အနက် အငယ် ကလေးငယ်သည် အောက်တိုဘာ ၃၁ ရက်က ကွယ်လွန်ခဲ့သည်။
အသက် ရက် (၂၀)ရှိ မွေး ကင်းစ အမြွှာကလေးငယ်နှစ်ဦး သည် မွေးရာပါ နှုတ်ခမ်းကွဲ ရောဂါကြောင့် ကောင်းမွန်စွာနို့စို့ နိုင်ခြင်းမရှိသည့် အခြေအနေတွင် အောက်တိုဘာ ၂၆ ရက်က ၎င်းတို့နေထိုင်ရာ လားရှိုးမြို့နယ် မန်ပြိန်း ရွာ၌ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ် သော RCSS နှင့် SSPP တို့ တိုက် ပွဲဖြစ်ပွား၍ ၎င်းတို့မိဘများက ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ် သည်။
အမြွှာကလေးငယ်နှစ်ဦးအ နက် အကြီးမကို လုလုဟု အမည် ပေးထားပြီး အငယ်မကို အားရွယ် ဟု အမည်ပေးထားရာ သေဆုံးခဲ့ သည့်ကလေးသည် အားရွယ်ဖြစ် သည်ဟု ဖခင် ကိုတူးမိုင်က ပြော သည်။
‘‘ရွာမှာ တိုက်ပွဲဖြစ်တယ်ဆို တော့ ဒီအတိုင်းပဲ ထွက်ပြေးလာ တာ။ ဘာမှ အဝတ်အစားတွေ၊ စောင်တွေ၊ ဘာတွေ မယူရလို့ အအေးမိလွန်းလို့ ဆုံးသွားတာ’’ ဟု ကိုတူးမိုင်က ဆိုသည်။
ကလေးငယ်၏မိခင် မထူး ဆိုင်ကလည်း ‘‘စပြေးတဲ့အချိန်မှာ မိုးတွေတအားရွာလို့ မိုးမိသွားလို့ အဲဒီမှာ ကလေးက အအေးမိသွား တာ’’ဟု သမီးငယ် ကွယ်လွန်ခဲ့ရ သည့် အခြေအနေကို ပြောပြ သည်။
ကိုတူးမိုင်နှင့် မထူးဆိုင်တို့ မိသားစုအပါအဝင် မန်ပြိန်းရွာသူ၊ ရွာသားများသည် အောက်တိုဘာ ၂၆ ရက် ညတွင် ၎င်းတို့ကျေးရွာ နှင့် သုံးမိုင်ခန့်အကွာရှိ အီနိုင်းရွာ သို့ လမ်းလျှောက်ပြီး ဦးစွာ စစ် ရှောင်လာခြင်းဖြစ်သည်။
‘‘ကျွန်မတို့သားအမိတွေက အပြင်မှာ ရပ်နေကြတဲ့အချိန် စစ် သားတွေ (ရှမ်းလက်နက်ကိုင်တပ် ဖွဲ့)က ဝင်လာပြီး နင်တို့အပြင်မှာ ပဲ နေရမယ်ဆိုပြီး ပြောတယ်။ ပြီး တော့ သေနတ်သံတွေကြားရလို့ တစ်ခါတည်း ထွက်ပြေးခဲ့တာ’’ဟု မထူးဆိုင်က ပြောသည်။
အီနိုင်းရွာသို့ မန်ပြိန်းအပါအ ဝင် ကျေးရွာသုံးရွာမှ လူဦးရေငါး ရာခန့် တိမ်းရှောင်ခဲ့သည်။ ထိုသို့ တိမ်းရှောင်နေစဉ် ကျေးရွာအနီး ပစ်ခတ်မှုများနှင့် စစ်ရေးလှုပ်ရှား မှုများ ထပ်မံဖြစ်ပွား၍ စစ်ရှောင် များရော အီနိုင်းရွာသားများပါ လားရှိုးမြို့ မန်ဆူရှမ်းကျောင်းနှင့် ရပ်ကွက်(၉)ရှိ ကချင်ဘုရား ကျောင်းသို့ ထပ်မံပြောင်းရွှေ့ခဲ့ရ ပြီး စစ်ရှောင်ဦးရေ ၁,၃၀၀ ကျော် ရှိလာသည်။
၎င်းတို့ မိသားစုသည် အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ပိုင်းတွင် အီနိုင်းရွာမှ လားရှိုးမြို့ရှိ ကချင်ဘုရားကျောင်းသို့ တိမ်း ရှောင်လာရာ ညနေ ၄ နာရီကျော် တွင် ရောက်ရှိခဲ့သည်ဟု မထူးဆိုင် က ပြောသည်။
‘‘ရောက်ပြီး ဆေးကုသမခံ ရသေးဘူး။ တစ်ခါတည်း ဒီမှာ ရောက်ရောက်ချင်း (တစ်နာရီခန့် အကြာ) သေသွားတာ’’ဟု ၎င်းက ပြောသည်။
ကလေးငယ်ကို ယင်းညမှာ ပင် သင်္ဂြိုဟ်ခဲ့သည်။ ကလေးငယ် သည် မူလကတည်းက ကျန်းမာ ရေးမပြည့်စုံသည့်အနေအထား တွင် စစ်ဘေးရှောင်ရ၍ အ ခြေအနေ ပိုဆိုးစေခဲ့ပြီး ဆုံးပါးခဲ့ ရသည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလိုင်းခမ်း က ပြောသည်။
မထူးဆိုင်တို့မိသားစုသည် အသက်ရှင်ကျန်နေသည့် အမြွှာ ကလေးတစ်ဦးအပါအဝင် သား သမီးသုံးဦးကျန်ရှိသည်။ ၎င်းတို့ မိသားစုသည် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများဖြစ်၍ ကျန်နေ သည့် အမြွှာကလေး၏နှုတ်ခမ်းကွဲ ရောဂါအပါအဝင် ကျန်းမာစွာ အသက်ရှင်သန်ရေး ဆေးကုသမှု ဆောင်ရွက်ရန် ငွေကြေးအ ခက်အခဲရှိနေသည်။ ဆက်သွယ် ကူညီလိုပါက ကိုတူးမိုင်နှင့် မထူး ဆိုင်တို့၏ဖုန်း ၀၉− ၂၅၅၁၅၆၈၁၂သို့ တိုက်ရိုက်ဆက်သွယ်နိုင်သည်။နောင်တွင် ယခုကဲ့သို့ အဖြစ် ဆိုးမျိုး မည်သည့် မိသားစုကိုမျှ မဖြစ်စေလိုကြောင်းနှင့် မိမိရွာသို့ ဘေးကင်းစွာ ပြန်လည်နေထိုင်လို ကြောင်း မထူးဆိုင်က ပြောသည်။
‘‘ကလေးတွေရော အလန့် တကြား နောက်တစ်ခါ မဖြစ်ရ လေအောင်၊ ငြိမ်းချမ်းအောင် တော့ နေချင်တာပေါ့’’ဟု မထူး ဆိုင်က ပြောသည်။
နိုဝင်ဘာ ၁ ရက်နံနက်တွင် လားရှိုးမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား အရှေ့ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်တာဝန်ရှိ သူများ လာရောက်ကြည့်ရှုကြောင်း စစ်ရှောင်ကူညီရေး ဆောင်ရွက် နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး အတတ်နိုင်ဆုံး ကူညီပေးမည်ဟု တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက ပြောကြား ကြောင်းလည်း သတင်းဌာနအချို့ က ဖော်ပြသည်။
နိုဝင်ဘာ ၁ ရက်ညနေတွင် လားရှိုးမြို့သို့ ရောက်ရှိနေသည့် စစ်ရှောင်များအနက် အီနိုင်းရွာမှ ဒေသခံများ နေရပ်ပြန်နိုင်ရေး စီစဉ်နေကြောင်း စစ်ရှောင်ကူညီ ရေးအဖွဲ့ တာဝန်ရှိသူ မနန်းစံပယ်က ပြောသည်။
‘‘အီနိုင်းရွာပဲ ရမှာ။ အတွင်း ဝင်တဲ့ရွာတွေတော့ မရသေးဘူး။ အခုပြန်ဖို့ ကားတွေတော့ ခေါ်နေ တယ်။ ဘယ်လောက်ပြန်ရဲမလဲ၊ ဘယ်လောက်ပြန်မလဲတော့ မသိ သေးဘူးပေါ့။ ဇွတ်ကြီး ပြန်ခိုင်း တာတော့ မဟုတ်ပါဘူး’’ဟု ၎င်း က ပြောသည်။
ဒေသခံပြည်သူများ စစ်ဘေးဒုက္ခကြုံနေရခြင်းကြောင့် တိုက်ပွဲ လျှော့ချရပ်တန့်ရေး ဆွေးနွေးရန် ရှိ၊ မရှိ မေးမြန်းရန် RCSS နှင့် SSPP တာဝန်ရှိသူတို့ထံ ဆက် သွယ်ရာ ဖုန်းအဆက်အသွယ်မရ ပေ။
TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ‘‘စစ် ရေးကိစ္စမှာကျတော့ ဘယ်လိုညှိ နှိုင်းရမလဲဆိုတာ တစ်ဖက်သတ် လုပ်လို့မရဘူးပေါ့။ ဒါက နှစ်ဖက် လုပ်မှ ရမယ့်ကိစ္စ’’ဟု နိုဝင်ဘာ ၁ ရက်က ပြောသည်။
တစ်ဖက်တွင်လည်း တပ်မ တော်နှင့် TNLA တို့ နိုဝင်ဘာ ၁ ရက်က ရှမ်းမြောက်ဒေသ ကွတ် ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း TNLA က သတင်း ထုတ်ပြန်သည်။
ရှမ်းပြည်မြောက်ပိုင်းဒေသ ၌ တပ်မတော်နှင့် တအာင်းလက် နက်ကိုင်အဖွဲ့ (TNLA) အကြား တိုက်ပွဲများ၊ TNLA/ရှမ်းလက် နက်ကိုင်အဖွဲ့(SSPP) ပူးပေါင်း တပ်ဖွဲ့နှင့် ရှမ်းလက်နက်ကိုင်အ ဖွဲ့ (RCSS)တို့အကြား တိုက်ပွဲများ ကြောင့် ဒေသခံများ မကြာခဏ စစ်ဘေးဒုက္ခ ကြုံနေရသည်။ ယခင်ကလည်း စစ်ရေးပဋိပက္ခ ကြောင့် ကလေးငယ်များအပါအ ဝင် အရပ်သားသေဆုံးဒဏ်ရာရရှိ မှု ရှမ်းမြောက်ဒေသများ၌ မကြာ ခဏဖြစ်ပွားခဲ့သည်။

No comments:
Post a Comment