Saturday, November 3, 2018

သရုပ်ဆောင်အောင်ရဲထွေးအမှု အစကနေပြန်စစ်မယ်


အမှုမှာကျူးလွန်သူလို့  စွပ်စွဲခံထားရသူ သုံးဦးကို လာမယ့်အောက်တိုဘာလ ၁၆ ရက် ကစပြီးပြန် စစ်ဆေးမှာလို့ သိရပါတယ်။
 
အဲဒီသုံးဦးဟာ ကနဦးက လူသတ်မှုပုဒ်မနဲ့ တရားစွဲခံရပေမယ့် တရားလိုဘက်က အမှုကို ရုတ်သိမ်းတာ ကြောင့် ကွင်းလုံးကျွတ်လွတ်ခဲ့တာပါ။
 
ဒီလိုလွတ်မြောက်တာကိုဝေဖန်မှုတွေကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ပြီးတဲ့နောက် သမ္မတက အမှုမှာ လာဘ်ပေးလာဘ်ယူမှုတွေပါမပါအဂတိတိုက် ဖျက်ရေးကော်မရှင်ကို  စစ်ဆေးဖို့တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။
 
ကော်မရှင်က စစ်ဆေးမှုတွေပြုလုပ်ပြီးသတင်းထုတ်ပြန်ရာမှာတော့ အမှုရုတ်သိမ်းနိုင်ဖို့ လာဘ်ပေးလာဘ်ယူမှုတွေပါရှိတာကိုတွေ့ခဲ့ရတယ်လို့ပါရှိပါတယ်။
 
အဲဒီနောက်အဂတိလိုက်စားတဲ့သူတွေကို အရေးယူခဲ့သလို အမှုကိုလည်းပြန်လည်စစ်ဆေးခဲ့တာပါ။
 
အမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာစစ်ဆေးမှာဖြစ်ပြီး ဒီကနေ့ မှာတော့ ရှေ့နေပါဝါတင်တာ ၊  အမှုတွဲကိုတင်ပြတာနဲ့ရုံးချိန်းရက်ချိန်းယူတာတွေကို ပြုလုပ်ခဲ့တာလို့သိရပါတယ်။
 
လာမယ့်အောက်တိုဘာလ ၁၆ ရက် ရုံးချိန်းမှာတော့ တရားလိုအပါအဝင် တရားလိုပြသက်သေ ငါးဦး ကို ဆင့်ခေါ်ထားပြီး သုံးဦးကိုစစ်ဆေးမှာဖြစ်ပါတယ်။
 
အမှုမှာတော့ တရားလိုပြသက်သေ ၂၂ ဦးကိုတင်သွင်းထားတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှစ်သစ်ကူးညက သရုပ်ဆောင်အောင်ရဲထွေးဟာ ဝိုင်းဝန်းထိုးကြိတ်ခံရပြီး အဲဒီဒဏ်ရာတွေနဲ့သေဆုံးခဲ့တာပါ။

No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...