Wednesday, November 28, 2018

ပြည်တွင်းဖြစ်ပစ္စည်းများဖြင့် လျှပ်စစ်ကားထုတ်လုပ်နိုင်ရန် စမ်းသပ်နေ






ပြည်တွင်းထုတ်ပစ္စည်းတွေကိုသာ အဓိက အသုံးပြုထားတဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်နိုင်ဖို့  စမ်းသပ်မှု ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ ကားထုတ်လုပ်နေသူက ပြောပါတယ်။
အဲဒီ လျှပ်စစ်ကားကို ပြည်တွင်းထုတ်ပစ္စည်း ၇၅ ရာခိုင်နှုန်းနဲ့ ပြည်ပထုတ်ပစ္စည်း ၂၅ ရာခိုင်နှုန်း အသုံးပြုပြီး မန္တလေးမြို့မှာ စမ်းသပ်ထုတ်လုပ်နေတာပါ။
လျှပ်စစ်ကားထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့ ဦးအောင်သန့်ခိုင်က “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ဖို့၊ ယာဉ်မတော်တဆဖြစ်ပွားမှု လျော့ချနိုင်ဖို့ ရည်ရွယ်ပြီး စမ်းသပ်ထုတ်လုပ်နေတာ ဖြစ်သလို အားပြန်သွင်းလို့ရတဲ့ ဘက်ထရီကို အသုံးပြုထားတယ်” လို့ ပြောပါတယ်။
အဲဒီကားကို ဘက်ထရီကနေရတဲ့ လျှပ်စစ်ဓာတ်အားနဲ့ မောင်းနှင်နိုင်မှာဖြစ်ပြီး တနာရီကို ၃၀ ကီလိုမီတာကနေ ၅၀ ကီလိုမီတာအကြား မောင်းနှင်နိုင်မှာဖြစ်တယ်။ ကုန်ကျစရိတ်ကတော့ လျှပ်စစ်ကားတစီးကို ကျပ် ၁၅ သိန်းဝန်းကျင်လောက် ရှိမှာဖြစ်ပါတယ်။
အဲဒီလျှပ်စစ်ကားကို အခုနှစ် အောက်တိုဘာလဆန်းက စတင်စမ်းသပ်နေတာဖြစ်ပြီး ဒီလျှပ်စစ်ကားကို မန္တလေးမြို့မှာ ကျင်းပမယ့် ဒုတိယအကြိမ် မန္တလေး နိုင်ငံတကာ စက်ပစ္စည်းနဲ့ စက်မှုလုပ်ငန်းပြပွဲမှာ ထည့်သွင်းပြသဖို့ အစီအစဉ်ရှိပါတယ်။

No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...