Tuesday, November 6, 2018

ဂျပန်ကျောင်းသားကလေးငယ်များ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနှုန်း နှစ် ၃၀ အတွင်း အမြင့်ဆုံးဖြစ်

ဂျပန်နိုင်ငံက ကျောင်းသားကလေးငယ်တွေ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ နှုန်းဟာ နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်းမှာ အမြင့်မားဆုံး ဖြစ်လာခဲ့တယ်လို့ ဂျပန် ပညာရေးဝန်ကြီးက ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ခုနှစ်၊ မတ်လအထိ ကျောင်းသားကလေးငယ်ဦးရေ ၂၅၀ လောက်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြပြီး မူလတန်းကနေ အထက်တန်းအရွယ်တွေအထိ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၅ ဆ ပိုမိုများပြားလာခဲ့တာဖြစ်ပြီး ၁၉၈၆ ခုနှစ်က စတင်ရေတွက်မယ်ဆိုရင် ဒါက အမြင့်ဆုံးနှုန်း ဖြစ်လာနေခဲ့တာပါ။
ခုလိုသတ်သေရတဲ့ အကြောင်းရင်းတွေထဲမှာ သူတို့ရဲ့ မိသားစုတွင်းပြဿနာတွေနဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေ၊ အုပ်စုဖွဲ့ အနိုင်ကျင့်ခံရတာတွေ ပါဝင်တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ နိုဝင်ဘာ ၅ ရက်နေ့က ဖော်ပြပါတယ်။
ဒါပေမယ့် ခုလက်ရှိ သေဆုံးခဲ့သူ အရေအတွက်ထဲက ၁၄၀ ကတော့ သေဆုံးချိန်မှာ ဘာမှတ်တမ်းမှ ချန်မထားခဲ့တဲ့အတွက် ဘာကြောင့် ခုလိုသတ်သေရတယ်ဆိုတဲ့ အကြောင်းရင်းကို မသိနိုင်ဘူးလို့ စာသင်ကျောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ကြတဲ့ အသက်အရွယ်ဟာ အထက်တန်းကျောင်းအရွယ် မတိုင်ခင် အများဆုံးဖြစ်ကြပြီး ဂျပန်နိုင်ငံမှာ အထက်တန်းဆင့်ပညာရေးကို အသက် ၁၈ နှစ်အထိ သင်ကြားကြရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဂျပန်အစိုးရအဖွဲ့ရုံးရဲ့ ထုတ်ပြန်ချက်တခုမှာတော့ ခုလို သေကြောင်းကြံစည်ကြတာဟာ နှစ်စဉ် ကျောင်းဖွင့်တဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ အဖြစ်များတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု အများဆုံးနိုင်ငံစာရင်းမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။

No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...