Friday, November 9, 2018

နော်ဝေတွင် ရေနံတင်သင်္ဘောနှင့် ရေတပ်သင်္ဘော တိုက်မိ၊ လူ ၈ ဦး ဒဏ်ရာရ


နော်ဝေနိုင်ငံ အနောက်ပိုင်း ကမ်းရိုးတန်းမှာ နိုဝင်ဘာ ၈ ရက်နေ့က ရေနံတင်သင်္ဘောတစီးနဲ့ နော်ဝေဖရီးဂိတ် ရေတပ်သင်္ဘောတို့ တိုက်မိခဲ့ပြီး လူ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် နော်ဝေနိုင်ငံရဲ့ အကြီးဆုံး သဘာဝဓာတ်ငွေ့စက်ရုံနဲ့ ကမ်းလွန်ရေနံတွင်း အများအပြားရှိတဲ့ မြောက်ပင်လယ် ရေနံစိမ်းတင်ပို့ရာ ဆိပ်ကမ်းကို ပိတ်ခဲ့ရပါတယ်။
အဲဒီ ဖရီးဂိတ်ရေတပ်သင်္ဘောဟာ မကြာခင်က ပြုလုပ်ခဲ့တဲ့ အကြီးစား နေတိုး စစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်ခဲ့ပြီး အခုအခါ တဖက်ကိုစောင်းကာ ဖြည်းဖြည်းချင်း နစ်မြုပ်နေပါတယ်။
ရေတပ်သဘောင်္ပေါ်က အမှုထမ်း ၁၃၇ ဦးကို ကယ်တင်ခဲ့ပြီး ၈ ဦးကတော့ ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးခေါင်းဆောင်က ရေနံတင်သင်္ဘောကနေ ရေနံယိုစိမ့်တဲ့ လက္ခဏာ မရှိပေမယ့် စစ်ဆေးဖို့အတွက် သဘောင်္ဟာ ဆိပ်ကမ်းကို ပြန်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ရေနံစိမ်းတင်ပို့ရာ ဆိပ်ကမ်းကိုလည်း ကြိုတင်ကာကွယ်ရေး အစီအမံအနေနဲ့ ယာယီပိတ်သွားမှာဖြစ်တယ်လို့ အီကွာနာစတား ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။


No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...